MOEA

WebHeader1

ဓာတ်ပုံမှတ်တမ်းများ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်

 နေပြည်တော်           စက်တင်ဘာ (၂၅) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဇမ္ဗူသီရိမြို့နယ်ရှိ  အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမှူးပြုသော ဝန်ထမ်းများက အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ၎င်းနောက် ဆရာတော်များ၏ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူကြပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အခမ်းအနား တက်ရောက်လာသူများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမှူးပြုသော ဝန်ထမ်းများက ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို …

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက် Read More »

အငယ်တန်းစာရေးရာထူး(၄)နေရာအတွက် အရည်အချင်းစစ်ဆေးခံရသူများ၏ အမည်စာရင်းကြေငြာခြင်း

  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး   အငယ်တန်းစာရေးရာထူး(၄)နေရာအတွက် အရည်အချင်းစစ်ဆေးခံရသူများ၏ အမည်စာရင်း   လူတွေ့စစ်ဆေးမည့်နေ့ / အချိန်                       – ၁၈-၉-၂၀၂၁ ရက်(စနေနေ့) / နံနက် ၁၀:၀၀ နာရီ   နေပြည်တော်တွင် ဖြေဆိုရမည့်သူ(၁၇)ဦး၏ အမည်စာရင်း                               ဖြေဆိုရမည့်နေရာ                              – တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်                                                စဉ် အမည် အဘအမည် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်   ၁ ဒေါ်စန္ဒာထွန်း ဦးစောမြိုင် ၁၄/ဝခမ(နိုင်)၂၆၉၀၈၅   ၂ ဒေါ်ပိုးအိစံ ဦးသန်းလွင် ၉/သစန(နိုင်)၁၇၈၀၅၉   ၃ ဦးနေသူဦး ဦးအောင်ဇော်ဝင်း ၉/နထက(နိုင်)၁၆၄၇၇၀   ၄ ဒေါ်ခြူးခြူးတင်ခ ဦးတင်ခ ၁၂/ကမရ(နိုင်)၀၅၈၁၁၈   …

အငယ်တန်းစာရေးရာထူး(၄)နေရာအတွက် အရည်အချင်းစစ်ဆေးခံရသူများ၏ အမည်စာရင်းကြေငြာခြင်း Read More »

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီလ (၈) ရက်           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဖေဖော်ဝါရီ (၈)ရက်နေ့ နေ့လယ် (၂:၀၀)နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့်အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။           တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခန့်အပ်တာဝန်ပေးချက်အရ ယခုကဲ့သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း၊ ယခင်အချိန်များကလည်း တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားဖွံ့ဖြိုးတိုး တက်ရေးအတွက်ကြိုးပမ်းလိုက်ပါဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အထူးပြောကြားလိုသည်မှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွင်ပါရှိသည့်အတိုင်း ဥပဒေ ဘောင်အတွင်းနေထိုင်ရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် အမိန့်ညွှန်ကြားချက်များ လိုက်နာရန်နှင့် …

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား Read More »

သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ ထောက်ပံ့ငွေပေးအပ်

နေပြည်တော်   ဇန်နဝါရီ    ၂၈ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Covid-19 တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် …

သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ ထောက်ပံ့ငွေပေးအပ် Read More »